Wednesday, May 4, 2011

ပါရာစီတမောလ် ဆေးလွန်ခြင်း မဖြစ်အောင်



ခေါင်းကိုက်ခြင်း၊ ဓမ္မတာပေါ်ချိန်  ကိုက်ခဲခြင်း နှင့် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းများအတွက် ပါရာစီတမောလ် (acetaminophen) ဆေးတစ်ပြား၊ နှစ်ပြားလောက် ကောက်သောက်ပစ်လိုက်ဖို့ မည်သူမျှ နှစ်ခါပြန် စဉ်းစားနေမည် မဟုတ်ပေ။ သို့သော် ထို ပေါ်ပြူလာ အိမ်သုံးဆေးဝါးကို ရေရှည် လွဲမှားစွာ သုံးစွဲခြင်းဖြင့်  အသည်း ကို ထိခိုက်စေနိုင်ကြောင်းကိုတော့ မေ့လျော့နေကြသည်။
လူနာများကို ပညာပေးခြင်း၊ ဆေးညွှန်း သေချာ ကပ်ခြင်း များဖြင့်သာ ယင်း ဆိုးကျိုးများကို ကာကွယ်နိုင်ပေမည်။
ပါရာစီတမောလ်ကို စျေးကွက်ထဲတွင် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး အဖြစ် ကုမဏီပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ ဆေးပြား၊ ဆေးတောင့်၊ ဆေးရည် ပုံစံမျိုးစုံဖြင့် အလွယ်တကူ ရနိုင်သည်။
မည်သို့ ဖြစ်စေ၊ တစ်နှစ်တစ်နှစ်တွင် ပါရာစီတမောလ် (acetaminophen)လွန်ကဲပြီး ရောက်လာသော လူနာများကတော့ ထောင်ချီနေရာ အသည်းရောင် ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ပြီး  အသည်းပျက်ဆီးခြင်း ထက်ပင် ကျော်လွန်လာနေသည်။
ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေကလည်း လူနာတွေအပေါ် အမြင်လျှမ်းနေကြတာပါသည်။ လူနာအများစုက Panadol နဲ့ Cetamol၊ Biogesic နဲ့ Calpol၊ Tylenol နဲ့ Aceta(minophen) ပါဝင်သောပစ္စည်းက ဒီတစ်ခုတည်း ဆိုတာကို နားမလည်ကြပေ။ ဆရာဝန် (သို့) ကျန်းမာရေး ဝန်ထမ်းက ပါရာစီတမောလ် မသောက်ဖို့ ညွှန်ကြားလိုက်လျင် အခြား ပါရာစီတမောလ် ပါဝင်သောဆေးများ  အခြားသော နာမည်ပေါင်းများစွာဖြင့်၊ ပုံစံကွဲများဖြင့် ရှိနေကြောင်း သတိမမူ မိကြပေ။
အခြား ဆေးဝါးများကဲ့သို့ပင် သောက်သုံးသူများ အနေဖြင့် ဆေးညွှန်းနှင့် ပါဝင်သောအရာများကို သေချာစွာ ဖတ်ရှုရန် အရေးကြီးသည်။ ကိုယ် ဘယ်ဆေးကို ဘာအတွက်သောက်နေလဲ၊ ဘယ်လို သောက်ရမလဲ ဆိုသည်ကို သေချာသိဖို့ လိုသည်။

ပါရာစီတမောလ် (Acetaminophen) အပါအဝင် အခြား ဆေးဝါးများ မသောက်မီ

-      ပါရာစီတမောလ် (သို့) အခြား ဆေးနှင့် ပါဝင်ပစည်းများ ဓါတ်မတည့်ခြင်း၊ allergy ရှိခဲ့လျင်် ဆရာဝန်အား ကြိုပြောရန်၊ ဆေးကဒ်၊ ဆေးဗူး ၏ ပါဝင်ပစည်း နှင့် အညွှန်းကို သေချာ ကြည့်ရန် အရေးကြီးသည်။
-      ပါရာစီတမောလ် ပါဝင်သော ဆေး နှစ်မျိုးနှင့် အထက် တစ်ပြိုင်တည်း မသောက်သင့်ပေ။ ဥပမာ - Paracap ကဲ့သို့သော ဆေးတစ်မျိုးမျိုးနှင့် Decolgen (Para + Chlophenaramine), Duragesic (Para+Ophenadrine), Alaxan, etc.
-      ဆရာဝန် ညွှန်ကြား၍ဖြစ်စေ၊ မိမိဘာသာ ဖြစ်စေ လက်ရှိသောက်သုံးနေသော (သို့) သောက်သုံးရန် ရည်ရွယ်ထား ဆေးဝါး၊ အားဆေး၊ တိုင်းရင်းဆေး အပါအဝင် အားလုံးကို ဆရာဝန်အား ပြောပြပါ။ အဓိကအားဖြင့် Warfarin (Coumadin) ကဲ့သို့သော သွေးကျဲဆေးများ၊ တီဘီဆေး Isoniazid (INH)၊ Carbamazepine (Tegretol/ CPZ), Phenobarbital နှင့် Phenytoin (Dilantin) စသည့် အတက်ရောဂါပျောက်ဆေးများ၊ နာကျင် ကိုက်ခဲမှုနှင့် ချောင်းဆိုး ဖျားနာခြင်းများ အတွက် ဆေးများ၊ စိတ်ဝေဒနာနှင့် ပျို့အန်ခြင်းများအတွက် Phenothiazines စသောဆေးများကို ပြောပြရန် မမေ့ပါနှင့်။ သို့မှသာ ဆရာဝန်မှ ဆေးပမာဏနှင့် ဘေးထွက် ဆိုးကျိုးများကို ချိန်ဆနိုင်ပေမည်။
-      သင့် မှာ ပြင်းထန်သော ရောဂါ တစ်ခုခု (အထူးသဖြင့် အသည်းရောဂါ) ရှိလျင် ဆရာဝန်အား အသိပေးပါ။
-      သင့် မှာ ကိုယ်ဝန်ရှိလျင် (သို့) နို့တိုက်ကျွေးနေလျင် (သို့) ကိုယ်ဝန်ယူရန် အစီအစဉ် ရှိလျင် ဆရာဝန်အား ပြောပြပါ။ ဆေးများသောက်နေစဉ် ကိုယ်ဝန်ရှိလာလျင် ဆရာဝန်နှင့် တိုင်ပင်ပါ။
-      alcohol ပါဝင်သော အဖျော်ယမကာ (၃)မျိုး (သို့) ယင်းထက် ပို၍ နေ့စဉ်သောက်သုံးနေလျင် ပါရာစီတမောလ် သောက်ရန် သင့် မသင့် ဆရာဝန်အား မေးပါ။
-      အကြမ်းအားဖြင့် ပါရာ နှင့် အခြား အအေးမိပျောက််ဆေး၊ ချောင်းဆိုးပျာက်ဆေး များ ပေါင်းစပ်ထားသော ဆေးများကို အသက် (၂)နှစ်အောက် ကလေးများကို မတိုက်မိပါစေနှင့်။ (၂)နှစ် မှ (၁၁)နှစ်ကြား ကလေးငယ်များကို လည်း ဆေးညွှန်းအတိုင်း သတိထား၍ တိုက်ပါ။ ကလေးငယ်များတွင် အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဘေးထွက်ဆိုးကျိုးများ ရနိုင်သောကြောင့် ဖြစ်သည်။
-      သင့်တွင် Phenylketonuria (PKU) ဟု ခေါ်သော မျိုးရိုးလိုက်ရောဂါ တစ်မျိုးရှိခဲ့လျင် အချို့ ၀ါးစားနိုင်သော ပါရာစီတမောလ် ဆေးပြားများ၌ Phenylalanine ပါဝင်သည့် Aspartame အချိုဓါတ် ထည့်ထားတတ်သည်ကို သတိပြုပါ။
 မည်သို့ဆိုစေ၊ ပါရာစီတမောလ်မှ မဟုတ်၊ ဘယ် အရာကို မဆို တန်ဆေး၊ လွန်ဘေး ဟူသည့် စကားအတိုင်း သတိချပ်ကြရန်သာ လိုအပ်လှပေသည်။

ညွှန်း - http://www.healthnews.com/en/news/Consumer-Education-Needed-to-Stem-Acetaminophen-Overdose/2aoVAsulj6x8FpH6hwx5jF/