အမှောင်ထုကိုခွင်း၊ အလင်းတစ်စက် ထွန်းညှိပေးသူ ကိုယ် ဖြစ်ပါစေ။ I want to be a light for someone who is in the dark.
Tuesday, July 15, 2014
ဘာကြောင့်လဲ
“ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားရ”
ဆိုတဲ့ စကား ရှိပေမယ့်လည်း တစ်ဦးတစ်ယောက်ကို အမှီပြုလို့ ကျန်သူများအားလုံးက အခန့်သားထိုင်စားပါလို့ ဆိုလိုရင်း မဟုတ်၊
အနာဂတ်မျိုးဆက်အတွက် သစ်ပင်ကောင်းတစ်ပင် ဖြစ်အောင် အားထုတ်ဖို့ motivate လုပ်လိုရင်းသာ ဖြစ်ပါတယ်လို့ နားလည်မိပါတယ်။
အဲဒီအရိပ်ကို အမှီသဟဲပြုလို့ တိုးတက်ကြီးပွားအောင် လုပ်ကြဖို့လည်း လိုတယ်။
အရိပ်နေနေ အခက်ချိုးချိုး လုပ်လို့ကတော့ …၊ အင်း.. ဒီသစ်ပင် ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ခံနိုင်မှာလဲ။ (မြန်မာ့ သစ်တောတွေလိုပေါ့လေ။)