Monday, June 23, 2014

အစားအသောက် နှင့် ဆေးဝါး ဉာဏ်ရှိစွာ တွဲဖက်စား Beware of Interactions between Drugs and Food products

အကယ်၍ သင်၏ကျန်းမာရေး အခြေအနေတစ်ရပ်ကြောင့် ဆေးဝါးသုံးစွဲရန် လိုအပ်ပါက ဆေးဝါးနှင့် တွဲဖက်စားသုံးလျှင် အန္တရာယ်ဖြစ်နိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကို ဖော်ပြပေးလိုက်ပါသည်။

ချောင်းဆိုးပျောက်ဆေးသောက်ထားပြီး သံပရာသီး၊ ကျွဲကောသီးနှင့် လိမ္မော်သီးတို့ စားသုံးမိခြင်းကြောင့် dextromethorphan ပါဝင်သော ချောင်းဆိုးပျောက်ဆေးများ အပါအဝင် အခြားသော ဆေးဝါးများ နှင့် ကိုလက်စထရောလျှော့ချပေးသော ဆေးဝါးများကို ချေဖျက်နိုင်သည့် အမ်ဇိုင်းဓာတ်တစ်မျိုးကို ပိတ်ဆို့သကဲ့သို့ ဖြစ်စေသည်။ ယင်းအချိန်တွင် သောက်သုံးထားသော ဆေးဝါးများမှာ သွေးကြောများထဲ ဖြစ်တည်နေသဖြင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်မြင့်မားစေသည်ဟု ဝင်ကင်ဆင်ပြည်နယ် မက်ရှ်ဖီးလ်ဆေးရုံမှ ဒေါက်တာမယ်ရီအယ်လန်ဂူလစ်ဆင်က ပြောသည်။ ယင်းဆေးများနှင့် အစားအသောက် များကို တွဲဖက်စားသုံးမိပါက ကြွက်သားများ ပြင်းထန်စွာ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။