အဓိက အားဖြင့်တော့ မိသားစု၊ အပေါင်းအသင်း သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များဖြင့် စားကြ သောက်ကြရင်း အချင်းချင်း အပြန်အလှန် ဆုမွန်ကောင်းများ တောင်းကာ နှစ်ဟောင်း၏ နောက်ဆုံး လက်ကျန် မိနစ်များကို အတူကုန်ဆုံးရင်း လာမည့် နှစ်သစ်မှာ ကြုံလာရမည့် အတွေ့အကြုံများနှင့် လုပ်ငန်းဆောင်တာ များအတွက် ကြိုတင် ရင်ခုန်ကာ အတွေး အိပ်မက်တွင် အစီအစဉ်များ ချလျက် ရင်ခုန် စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။
အချို့လည်း ချစ်သူရည်းစားနှင့် အတူတူ အနာဂတ် အတွက် စိတ်ကူး ပုံဖော်ရင်း ထို အချိန်ပိုင်းလေးကို ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းကြသည်။