Tuesday, February 2, 2016

၁ ဒီဂရီ ပဲ လိုပါတယ်

ရေးသူ - ဖြိုးကိုကိုနိုင် (ကိုနိုင်)

နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ့ယူပြီး စီးပွားရေးလုပ်တယ်။
လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ ဖြစ်ကုန်တယ်။
ဒီတော့ အကူအညီ လာတောင်းတယ်။


သူ လာတောင်းတာက လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို့မဟုတ်ဘူး။
ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို့။

အခြေအနေ အားလုံးနားထောင်ပြီးတော့ အရိုးခံ အကြံပေးမိတယ်။
ခုလိုတဲ့ ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ့။
စီးပွားရေး ဆိုတာ ကြွေတလှည့် ကြက်တစ်ခုန်ပါပဲ။
အတိုးနဲ့ ယူထားတဲ့ သူတွေကို သွားတွေ့ပြီး ရှင်းပြလိုက်ပါ။
အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။ အတိုးတွေတော့ ရပ်ပေးပါ။
အရင်းတွေကို အရစ်ကျ ခွဲဆပ်ပါမယ် လို့တောင်းပန်။
ငွေရှင်တိုင်းက ငွေပဲ ပြန်လိုချင်တာ။ မင်းထောင်ကျတာ မလိုချင်ဘူး။
ဒီတော့ အချိန်ကြာပါစေ။ လစဉ်လတိုင်း နိုင်သလောက် သွင်းပြီး အကြွေးဆပ်ပါမယ်လို့ညှိ။
ဒီဘက်ကလည်းအကြွေးတွေ ပြန်ဆပ်နိုင်အောင်အသုံးအစွဲလျော့၊
ရိုးရိုးသားသား အောက်ခြေကနေ အလုပ် ပြန်စလုပ်ကွာ။
ငါတို့လည်း ဝိုင်းဝန်းမှာပေါ့ လို့အားပေးမိတယ်။

ဒါပေမယ့် သူမျက်လုံးတွေကြည့်ရတာ ယုံကြည်ချက် မရှိတော့ဘူး။ ကိုယ်ပြောတာလည်း ခေါင်းထဲမဝင်တော့ဘူး ထင်တယ်။ အတတ်နိုင်ဆုံး ပြန် ကြိုးစားမယ်။
ခုအကူအညီကို ကျေးဇူး တင်တယ်ပြောတယ်။
ပြီးတော့ သူ ထွက်သွား လိုက်တယ်။ နောက်ထပ်ပြန်မတွေ့ဖြစ်ကြတော့ဘူး။

ဘဝမှာ နှစ်ခါ သုံးခါထက် ပိုရှုံးလာရင် ယုံကြည်မှု တွေ ပျက်ပြားလာတယ်။
စမ်းသပ်မှုတစ်ခုမှာ ငါးမန်းတစ်ကောင်ကို လှောင်ကန်ထဲမှာထည့်၊ မှန်အမာ တချပ် ကြားခံထားပြီး ဟိုဘက် အခြမ်းမှာ ငါးအသေးတွေ လွှတ်ထားကြည့်တယ်။
မှန် တဘက်က ငါးလေးတွေကို မြင်ပြီး ငါးမန်းက စားဖို့ပြေးဟပ်တော့ မှန်နဲ့တိုက်မိတယ်။
ဒေါသ ထွက်လာတယ်။ ထပ်ပြေးပြီး ဟပ်တယ်။ ထပ်ထိတယ်။
ထပ်ဟပ်တယ်။ ထပ်ထိတယ်။
တဖြည်းဖြည်း ထိတာများလာတော့ ငါးမန်းရဲ့ယုံကြည်မှု ပျက်ပြားသွားတယ်။
နောက်နေ့ထပ်ကြိုးစားတယ်။ ထပ်ထိပြန်တယ်။
ငါးမန်း လုံးဝ မှတ်သွားတယ်။ အဲဒီနားကို လာတောင် မလာတော့ဘူး။
ဒီတော့မှ မှန်ကို ဖယ်လိုက်တယ်။
ငါးလေးတွေနဲ့သူနဲ့ တကန်တည်း ဖြစ်သွားတယ်။
ငါးလေးတွေ သူနား ဖြတ်ကူးသွားတာတောင် ငါးမန်းဟာ လိုက် မဟပ်တော့ဘူး။
လူတွေ ချကြွေးတဲ့ အစာပဲ စားတော့တယ်။
ဖမ်းစားနိုင်ပါရက်နဲ့ မဖမ်းနိုင်တော့ဘူးလို့ထင်မြင်ပြီး ငါးမန်းဟာ အစွမ်းအစမဲ့ သွားတယ်။

ဒီငါးမန်းလိုပါပဲ။
အရှုံးများလာရင် လုပ်လို့ဖြစ် ပါတော့မလားဆိုတဲ့ သံသယ ဝင်လာတယ်။
သံသယဝင်ပြီဆိုတာနဲ့ယုံကြည်မှုတွေ ပျောက်ဆုံးကုန်တယ်။
ယုံကြည်မှု ပျောက်ဆုံးသွားရင်တော့ ဘဝမွာ အားလံုး ဆံုးရႈံးကုန်တာပါပဲ။

သံသယဆိုတဲ့ ဝဲဂယက်ကြီးက ဘဝရဲ့ရနိုင်ခွင့် ရပိုင်ခွင့်တွေ အားလုံးကို စုပ်ယူခြေမွ နိုင်ပါတယ်။
လူတိုင်းမှာလည်း ယုံကြည်မှု ပျောက်ဆုံးကုန်တဲ့ အချိန်တွေ၊
သံသယ ဝဲဂယက်ကြီး ထဲကနေ မနည်းလွတ်အောင် ရုန်းနေရတဲ့ အချိန်တွေ ရှိတယ်။
ဒီလိုအချိန်တိုင်းမှာ ကိုယ်ရဲ့ ရုန်းကန်တွန်းတိုက်ချက်တိုင်းဟာ အလကား မဖြစ်သွားဘူး ဆိုတာ သိဖို့လိုပါတယ်။

စတန်းဖိုဒ် တက္ကသိုလ်မှာ Apple ရဲ့ခေါင်းကိုင်ဖခင် "စတိဗ်ဂျော့ (Steve Job)" ပြောခဲ့တဲ့ မိန့်ခွန်းမှာ အဓိကအချက်သုံးချက်ပါတယ်။
ပထမအချက်က ဘဝရဲ့ အမှတ်စက်တွေ စပ်ဆက်ကုန်တဲ့ အကြောင်းပါ။
စတိပ်ဂျော့ ဘဝမှာ ကျဆုံးမှုတွေ များပါတယ်။
မွေးထဲက စွန့်ပစ်ခံခဲ့ရတာ၊
ကျောင်းစရိတ် ကြီးမြင့်လို့ ကျောင်းထွက်ခဲ့ရတာ၊
သူတည်ထောင် ခဲ့တဲ့ ကုမ္ပဏီရဲ့ အအောင်မြင်ဆုံး အချိန်မှာ သူ့ကိုကုမ္ပဏီကထုတ်ပစ်ခဲ့တာစသည်ဖြင့်ပေါ့။
သူ ကျောင်းထွက်မယ် ဆုံးဖြတ်ပြီးတုန်းက အားနေတာနဲ့ အလကား မနေဘဲ
ကျောင်းက ဖွင့်ထားတဲ့ စာလုံး အလှရေးတဲ့ သင်တန်း သွားတက် နေပါတယ်။
ဒါက သူစိတ်ဝင်စားတဲ့ ကွန်ပြူတာနဲ့ မဆိုင်ပါဘူး။ အနုပညာနဲ့ဆိုင်တယ်။
ဒါပေမယ့် နောင်ဆယ်နှစ်အကြာ ပထမဆုံး မက်ကင်းတော့ရှ် (Macintosh) ကွန်ပျူတာကို
စလုပ်တဲ့ အချိန်မှာဒီစာလုံးအလှ တွေကို သတိရပြီး ထည့်ခဲ့တယ်။
ကွန်ပြူတာမှာပထမဆုံး စာလုံးပုံစံအလှကို Apple က စထည့်နိုင်ခဲ့တယ်။
ဒီကိစ္စက သူ စာလုံးအလှ သင်တန်း သွားတက် တာနဲ့ ဆက်စပ်နေတယ်။
အနုပညာနဲ့ ကွန်ပြူတာကို အဲဒီတုန်းက ဆက္စပ္သြားမယ္လို ့ ဘယ္လိုမှ မထင္ခဲ့ဘူး။
ဒါကြောင့် ဘဝမှာလုပ်ဆောင်နေတဲ့ အရာတွေကို အမှတ်စက်ချနေတယ် သဘော ထား။
မအောင်မြင်ခင်မှာ ရှေ့ကို ကျော်ကြည့်ပြီး အစက်တွေ ဆက်ကြည့်လို့မရဘူး။
အောင်မြင် ပြီးမှ ပြန်ကြည့်တော့ အစက်တွေ အကုန်လုံးက ဆက်စပ် နေတယ်၊
အလကား မဖြစ်သွားဘူးလို့ ပြောခဲ့ပါတယ်။

ဘဝမွာ ေရှ့ဆက္တိုးလို ့ မရ ​ေတာ့ဘူးလို့ ထင်သွားပြီး ယုံကြည်မှုတွေ ပျောက်ဖူးတယ်။
ပုံပြင်ထဲက အစွမ်းအစ မရှိတော့ဘဲ သူများချကြွေးတာ စားနေရတဲ့ ငါးမန်းကြီးကို မြင်ယောင်ပြီး ထပ်တွန်းရုန်းကန် ခဲ့တယ်။
ရုန်းကန်နေတာ ကြာလည်း ဘာမှ အရာမထင်လာတော့ စိတ်ဓာတ် ကျလာတယ်။
စိတ္အားကုန္ခါနီး စတိပ်ဂျော့ ရဲ့ အစက်တွေ အကြောင်း ဖတ်မိတော့ တစ်နေ့ဆက်စပ် သွားမှာပါ လို့ ကိုယ်ဟာကိုယ် အားပေး မဲတင်းဖူးတယ်။

အောင်မြင်ဖို့ကအများကြီး မလိုပါဘူး။

  • အလုပ်ကိုမက်မောစိတ်နဲ့ကြိုးစားမှု၊ 
  • ဉာဏ်နဲ့ ဆင်ခြင် ချိန်ဆမှု၊ 
  • အလုပ်ကိုယ်ကျင့်တရား နဲ့ 
  • အချိန်အတိုင်းအတာတစ်ခု။ 

ဒါတွေပဲ လိုတယ်။
ဒါတွေကို မဆုတ်မနစ် စိုက်လိုက်မတ်တပ် လုပ်နိုင်အောင်တော့ယုံကြည်မှုလိုပါတယ်။

ရေကို အပူပေးရင် အငွေ့စပြန်မယ့် ရေဆူမှတ် ရှိတယ်။
ဒီ ေရဆူမွတ္က ၁၀၀ ဒီဂရီ ဆို ၉၉ ဒီဂရီရောက်တဲ့ထိ မဆူသေးဘူး။
မဆူသေးသရွေ့အရည်ကနေ အငွေ့မဖြစ်သေးဘူး။
ဒီချိန်မှာ အပူမပေးဘဲ ရပ်လိုက်ရင် ရေက ရေပါပဲ။
၉၉ ဒီဂရီအားထုတ်ခဲ့သမျှ အလကားဖြစ်သွားမယ်။
နောက်ထပ် ၁ ဒီဂရီစာ ထပ် အပူပေး လိုက်တာနဲ့ ၁၀၀ ပြည့်ပြီး ရေ ထဆူမယ်။
အရည် ဘဝကနေ အငွေ့ဘဝ ထပြောင်း လေထဲ လွှင့်တက်သွားမယ်။

ဒါကြောင့် ကျွန်တော်တို့ ကြိုးစားနေသရွေ့ အောင်မြင်မယ်ဆိုတာ ယုံနေဖို့တော့လိုတယ်။
အမှတ်စက်တွေက အချိန်စေ့ရင် ဆက်စပ်သွားပါလိမ့်မယ်။
ရေကလည်း ၁၀၀ ဒီဂရီပြည့်ရင် ဆူပါလိမ့်မယ်။
တခါတလေ ဘဝသစ် ပြောင်းသွားဖို့၊ လေထုအမြင့်ထဲ လွှင့်တက်သွားဖို့က ၁ ဒီဂရီ ပဲလိုပါတယ်။
အားမလျော့လိုက်ပါနဲ့။


Image credits:

  1. http://carolinaforest.org/
  2. http://www.believingoutloud.com/