Tuesday, March 28, 2017

ရလဒ်ထွက်တဲ့သူ ဖြစ်ဖို့


ရေးသူ - ဒေါက်တာ ဖြိုးသီဟ

ဘောလုံးနဲ့ပတ်သက်တဲ့ ပွဲအပြီးသုံးသပ်ချက်တွေ ဖတ်ရင်းဖတ်ရင်းနဲ့ စဉ်းစားမိလာတာ တစ်ခုရှိတယ်။

ဆိုပါတော့၊ နည်းပြတစ်ယောက်က လူစားလဲလိုက်တယ်။ သူကတော့ အကောင်းဆုံးဖြစ်မယ် ထင်တာကို ဆုံးဖြတ်ပြီး လုပ်လိုက်တာပဲ။ ဒါပေမယ့် ဒီကစားသမားက ဂိုးသွင်းလိုက်လို့ အသင်းအနိုင်ရသွားတယ်ဆိုရင် ဟာ ဒီနည်းပြ တော်လိုက်တာ၊ ဘယ်လိုဆုံးဖြတ်ချက်မှန်တယ် ပေါ့။ အကယ်၍များ သူက ကိုယ့်ဂိုးကိုယ်သွင်းလိုက်တယ်၊ သူ့ကြောင့် အသင်းက ရှုံးနိမ့်သွားတယ်ဆိုရင်တော့ နည်းပြကို အပြစ်တင်ကြလိမ့်မယ်။

Sunday, March 19, 2017

'ကံ' နှင့် ပတ်သက်သော အမြင်မှားအချို့ (Karma)

'ဗုဒ္ဓဘာသာ'ကို သက်ဝင်ယုံကြည်သူမှန်လျင် ကံ၊ ကံ၏အကျိုးကို တိတိပပ နားလည်သင့်သည်။ သဘောတရားမှာ လွယ်မယောင်ရှိသော်လည်း သေသေချာချာနားမလည် မသုံးသပ်မိလျင် လုံးဝ ချွတ်ချော် မှားယွင်း ယူဆမိနိုင်သည်။ ထိုသို့ မှားယွင်းယူဆသူများကိုလည်း တွေ့ဖူးသည့်အလျောက် ကျနော် ဖတ်ဖူးသည့် ဆရာတော် ဒေါက်တာ ဓမ္မနန္ဒ၏ စာစုလေး တစ်ခုကို မျှဝေလိုက်ပါသည်။

Tuesday, March 14, 2017

သူများပါးစပ်မှာ လမ်းမဆုံးပါစေနဲ့


ဒီနှစ် (၂၀၁၆) ဘောလုံးသမားအပြောင်းအရွှေ့မှာ ထူးထူးခြားခြား သတိထားမိနေတာလေး ရှိပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားနှစ်ယောက်အကြောင်းပါ။ တစ်ယောက်က ပြင်သစ်ကစားသမား "ပေါ့ဘာ"၊ နောက်တစ်ယောက်က ဘယ်ဂျီယံတိုက်စစ်မှူး "လူကာကူ"။ ဘာလဲဆိုတော့ သူတို့နှစ်ယောက်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က အသင်းမှာ အသုံးမဝင်လောက်ဘူး အမှတ်နဲ့ လွယ်လွယ်ကူကူ လက်လွှတ်ခဲ့တဲ့ အသင်းဟောင်းတွေက ခုချိန်မှာ ခြေစွမ်းက တအားတက်လာတော့ စျေးကြီးကြီးပေးပြီး ပြန်ခေါ်နေရတယ် ဆိုတာပါပဲ။ ဒါက ဘောလုံးလောကမှာတော့ သိပ်အဆန်းတကျယ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါလေးကနေ ဆက်ပြီး အတွေးပွါးမိပါတယ်။

Sunday, March 5, 2017

ကျနော်နှင့် သေမင်း

ရေးသူ - မောင်စီ
------------
(စာလုံးပေါင်းနှင့် စာသား အနည်းငယ်အား ပြင်ဆင်တည်းဖြတ်ထားပါသည်။)


ဟာ.. 'သေမင်း' !
လာ ထိုင်....
လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး

Friday, March 3, 2017

မောင်လှမျိုး (ချင်းချောင်းခြံ) ၏ "ကိုယ်ရည်သွေး"


ကိုယ်ရည်သွေး
~~~~~~~~~~~~~~~~~~~~~~~

ချစ်တယ်...လို့
ပြောလိုက်ကတည်းက
ကမ္ဘာ တဝှမ်းလုံးမှာရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ ။


ဘယ်သူ့ဆီမှာမှ
ဦးမညွှတ်ခဲ့တဲ့...ချစ်ခြင်း
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့...မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့...ကြိုးပမ်းခြင်း
အားလုံးရဲ့အစုအစည်းနဲ့
မင်းကို ပေးအပ်ခဲ့တာပါ ။

"ကမ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ...ရှင်သန်ပါရစေ "

သစ်ရွက်မကြွေဖို့ ...နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ...ကောင်းကင်ကို တားဆီးလို့မရ
နှင်းပွင့်မဝေဖို့ ...ဆောင်းကို တားဆီးလို့မရ
ရနံ့မသင်းဖို့ ...ပန်းကို ပိတ်ပင်လို့မရသလိုမျိုး
မြတ်နိုးလွန်းတဲ့ ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ...မင်း ။

ကမ္ဘာ ပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက်...အရှိန်အဟုန်နဲ့
နောက်ထပ် ကမ္ဘာသစ်တစ်ခု
(သဘာဝတရားက)
အလိုလို ထွင်းထုနိုင်ဦးမယ် ။

ယုံပါ ...
အချစ်နဲ့လွတ်ကင်းတဲ့ လူ့ကမ္ဘာ
ဘယ်ဆီမှာမှ...မရှိ ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)
No automatic alt text available.

ခွန်အား

ငါ 
ကတိပြုပါတယ်
ခုထက် ပို ကောင်းအောင်
အများကြီးပို ကြိုးစားမယ်...

ငါ
ဘာမှန်းမသိတဲ့ အရာတွေနဲ့
တစ်ချိန်လုံး
တွန်းထိုး တိုက်ခိုက်နေခဲ့ရ

ဘာတွေမှန်း
ဘာအတွက်ကြောင့်မှန်း
ငါ့ဟာငါတောင် မသိတော့

ဒါပေမယ့်...

ငါ
သိတာ တစ်ခုတော့ ရှိတယ်
အဲဒါတွေအားလုံးကို
ရင်ဆိုင် ကျော်လွှားနိုင်တယ်
ချေမှုန်းပစ်နိုင်တယ်

မင်း
ငါ့ အနားမှာ ရှိနေသမျှပေါ့ ။


ဘာသာပြန် - ဇော်ငြိမ်းအေး (ဆေး-၂)
----------------

promise you
I will try harder
to be better.

I
have battled with things
inside me
for longer than you know;

do not know
what they are
or why they are there,
I
only know
that they feel
manageable,
defeatable,
when I 
am around 
You.