အမှာစာ Disclaimer

ဒီ နေရာကို လာရောက် ကြည့်ရှု လည်ပတ်သူ အဖို့  ခံစားမှု ရသ တစ်ခုခုဖြစ်စေ၊ တွေးတော ဆင်ခြင်စရာ ဗဟုသုတ တစ်ခုခု ဖြစ်စေ ရသွားမည် ဆိုလျင် ကျွန်တော် ဒီ ဘလော့ဂ် ရေးရကျိုး နပ်ပါပြီ။ စာဖတ်သူ အနေဖြင့် လည်း ဆွေးနွေးစရာ ရှိသည်ကို ဆွေးနွေး၍ ထောက်ပြစရာရှိသည်ကို ကျွန်တော် ပြုပြင်နိုင်ရန် အပြုသဘောဆောင် ထောက်ပြသွားသည်ရှိသော် အတိုင်းထက် အလွန်ပင် ဖြစ်ပါမည်။

ဤနေရာတွင် အခြား အင်တာနက် စာမျက်နှာများပေါ်မှ ကောင်းနိုးရာရာများကို မျှဝေ ဖော်ပြသည့်နည်းတူ ကျွန်တော် ကိုယ်တိုင်ရေးသားသော စာစုများလည်း ပါဝင် ပါသည်။ ကျွန်တော် ကိုယ်တိုင်ရေးထားသည်များကို ကျွန်တော် အပြည့်အဝ တာဝန်ယူသော်လည်း အခြားအရာများမှာ မူရင်း ဖန်တီးသူ၏ အာဘော်သာဖြစ်ပြီး ကျွန်တော် သဘောကျ နှစ်ခြိုက်၍ ဖြစ်စေ၊ စာဖတ်သူ အကျိုးများမည်ဟု တွေးထင်၍ ဖြစ်စေ ဤဘလော့ဂ်၌ ငှားယူ ဖော်ပြခြင်း သက်သက်သာ ဖြစ်သည်။ တစ်ခါတစ်ရံ မတော်တစ ဖြစ်စေ၊ မူရင်း ဖန်တီးသူကို လုံးဝ မသိ၍ ဖြစ်စေ ဖော်ပြရန် ပျက်ကွက်ခဲ့သည်ရှိသော် ဤနေရာမှ ကြိုတင် တောင်းပန်ပြီး သိရှိသည်နှင့် တစ်ပြိုင်နက် လေးစားစွာ ဖော်ပြပေးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အကယ်၍ လုံးဝ မဖော်ပြစေလိုပါက ကျွန်တော့်ထံ ဆက်သွယ်တောင်းဆိုခဲ့လျင် အမြန်ဆုံး ဖြုတ်ချပေးသွားမည် ဖြစ်ကြောင်းလည်း တစ်ပါတည်း အသိပေးအပ်ပါသည်။

ဆေးပညာနှင့် သက်ဆိုင်သော ဆောင်းပါးများမှာ ကျန်းမာရေး အသိပညာ ဗဟုသုတ တိုးပွားရန်သာ ရည်ရွယ်ပြီး လက်ရှိ နောက်ဆုံးပေါ် ကုထုံးများ ဖြစ်ကြောင်း အာမ မခံ သလို ဆရာဝန် တစ်ယောက်၏ အမှန်တကယ် စမ်းသပ် စစ်ဆေးမှု၊ အကြံပြုချက်နှင့် ကုသနည်းစနစ်များကို အစားမထိုးနိုင်ကြောင်း အတိအလင်း သတိပေးအပ်ပါသည်။

ကျေးဇူး တင်ပါသည်။

ဇော်ငြိမ်းအေး (ဆေး-၂)